သာစည်မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကန်၊တမံများတွင် အရိပ်ရ သီးပင်စားပင်များစိုက်ပျိုး

သာစည် ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကန်၊တမံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် အရိပ်ရသီးပင်စားပင်ဖြစ်သည့် စိန်တလုံးသရက် ၁၂၈ ပင်ကို ဇူလိုင် ၂၉ ရက်က စိုက်ပျိုးခဲ့ ကြောင်းသိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မိတ္ထီလာခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမြတ်ဇော်သိန်း၊ သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသူရအောင်နှင့် ဝန်ထမ်းများက မင်းလှကန်၊ ညောင်ရမ်းကန်၊ သက်တော် ရေလှောင်တမံနှင့်စမုံရေထိန်းတမံ စသည့် နေရာ လေးနေရာရှိ ရှင်းလင်းဆောင်များအနီးတွင် တနေရာလျှင် စိန်တလုံးသရက် ၃၂ ပင် စီသွားရောက်စိုက်ပျိုးခဲ့ရာ သက်ဆိုင်ရာ ကျေးရွာ အုပ်စုများမှကျေးရွာအုပ်ချုပ်ရေးမှူးများ၊အထောက်အကူပြုအဖွဲ့ဝင်များနှင့်ရပ်မိရပ်ဖများကပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

အရိပ်ရသီးပင်စားပင်များ စိုက်ပျိုးပြီး လက်ထောက်ညွှန်ကြားရေးမှူးဦးမြတ်ဇော်သိန်းက ကန်၊တမံများ ထိန်းသိမ်းစောင့်ရှောက်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး စိုက်ပျိုးသည့်အပင်များ ရှင်သန်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်နှင့်မဖြစ်ထွန်းသည့် အပင်များနေရာတွင်လည်း ချက်ချင်းအစားထိုး စိုက်ပျိုးကြရန်မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)