မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မင်းပြား ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်က အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုး၏ဦးဆောင်မှုဖြင့် ဝန်ထမ်းမိသားစုများက စုပေါင်းပြုလုပ် ခဲ့ခြင်း ဖြစ်​သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ပြီး မင်းပြားမြို့ ဓမ္မိကာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း၏ အကျိုးတရားတော်အား  နာယူခဲ့ကြသည်။ ဆက်လက်ပြီး ပင့်ဖိတ်ဆရာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော် များအား ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရုံးဝန်ထမ်းမိသားစုများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်း ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သောင်းရွှေ