ကျိန္တလီမြို့၌ ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ

ကျိန္တလီ ဇူလိုင် ၃၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော မြို့အဆင့်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က သတ္တမရောင်ရှိန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အမှတ် (၃) ရပ်ကွက်၊ သတ္တမရောင်ရှိန်ကျောင်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေ့ဦးစွာ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ဧည့်သည်တော်များက နမောတဿ (၃) ကြိမ် ရွတ်ဖတ်ပူဇော်၍ အခန်းအနားကို စတင်ဖွင့်လှစ်ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူကြသော မေတ္တာသုတ်ပရိတ်တရားတော်ကို နာယူခဲ့ကြပြီး ဌာနဆိုင်ရာအကြီးအကဲများက ဝါဆိုသင်္ကန်းများနှင့် ဝတ္ထုငွေများကို ကပ်လှူပူဇော်ခဲ့သည်။ ဆက်လက်၍ လယ်တီဆရာတော် ဦးဉာဏဝံသထံမှ ဝါဆိုသင်္ကန်း အနုမောဒနာတရားတော်အား နာယူခဲ့ကြပြီး လှူဒါန်းမှူအစုစုတို့အား ရေစက် သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်းရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်လင်း