မောင်တော ဇူလိုင် ၃၁
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီတော်ကြီးတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ မြို့ဦး ရွှေစည်းခုံဆံတော်မြတ် စေတီတော် ကြီးတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် စေတီအနီး အနားရှိ အမှိုက် သရိုက် များကောက်ယူခြင်း၊ မြက်ပင်၊ ပေါင်ပင်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ စေတီတော် ရင်ပြင်အနီး တံမြက်စည်း လှဲခြင်း၊ ဘုရား ပရဝဏ်အတွင်း/အပြင်များတွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များအား ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သက်လွင်စိုး၊ အောင်ကျော်စိန်