မိုင်းယု ဇူလိုင် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ အခြေခံပညာ အထက်တန်းကျောင်း မိသားစု၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့က မိုင်းယုမြို့ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ အခမ်းအနားဖွင့်လှစ်ပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ ကြ၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူခဲ့ကြသည်။
ထို့နောက် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသန်းနှင့် ဆရာမ/မများ၊ ကျောင်းသား/သူများနှင့် ပညာရေး မိသားစုများမှ စုပေါင်းဆက်ကပ်လှူဒါန်းသည့် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားတော် နာယူအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အားချာ