ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

ကျိုင်းတုံ ဇူလိုင် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျိုင်းတုံမြိုနယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင့်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူနေအိမ်များတွင် ဖြစ်တတ်သည့် မီးဘေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့် အချက် များ စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ကျောင်းသား၊ ကျောင်သူများအား အသိပညာပေး ဟောပြောပြီး မီးသတ် ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျမီးငြှိမ်းသတ်ခြင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် အတူ ပူးပေါင်းလုပ်ဆောင် လေ့ကျင့်ခဲ့ ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)