အမ်းမြို့နယ် အရုဏ်ဦး ငွေစုငွေချေးသမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

အမ်း ဇူလိုင် ၃၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အရုဏ်ဦးငွေစု/ငွေချေးသမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က ဈေးတောင်ရပ်ကွက်၊ အ.ထ.က(ခွဲ)အမှုထမ်း(၂)  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ အရုဏ်ဦးငွေစု/ငွေချေး သမဝါယမအသင်း(လီမိတက်)မှ အမှုဆောင်ဒါရိုက်တာများနှင့် အဖွဲ့ဝင်များ၊ အသင်းသား (၁၁၄၁) ဦး၏ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် အရုဏ်ဦးငွေစု/ငွေချေး သမဝါယမအသင်း(လီမိတက်)ဥက္ကဋ္ဌနှင့် အခမ်းအနားမှူးအဖြစ် အရုဏ်ဦးငွေစု/ငွေချေး သမဝါယမအသင်း(လီမိတက်) အတွင်းရေးမှူးတို့က ဆောင်ရွက်ကြပြီး သဘာပတိဦးကိုကြီးက အမှာစကားပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဌေးမှ အမှာစကားပြောကြားခြင်း၊ အရုဏ်ဦးငွေစု/ငွေချေး သမဝါယမအသင်း အတွင်းရေးမှူး ဦးသန်းနိုင်မှ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ချုပ်အစီရင်ခံစာကို အသင်းစာရင်းစစ် အဖွဲ့ခေါင်းဆောင် ဒေါ်​​လေးရီမှ ဖတ်ကြားတင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး ယင်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာကြသည့် အသင်းသားများက သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက်ရယူခြင်းများပြုလုပ်ကာ အသင်းသားဦးရေ (၁၁၄၁) ဦးအား စုဆောင်းငွေပေါ်အတိုးပေးငွေ ကျပ် (၄၄၇၄.၉၀) သိန်း ထုတ်ပေးခြင်း၊ အစု​ပေါ်အမြတ် ကျပ် (၈၀.၁၉၁) သိန်း ထုတ်​​ပေးခြင်း အသင်းသားများအား လက်​ဆောင်ပစ္စည်းများ ​ပေးအပ်​ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)