ရွှေတိဂုံစေတီတော်သို့ ပြည်ပမှ ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များ လာရောက်ဖူးမြော်ကြည်ညို

ရန်ကုန် ဇူလိုင် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေ ကဇာတင်လှူခြင်း အခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော် သာသနိက အဆောက်အဦများ လှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာ အခမ်း အနားများသို့ တက်ရောက်ရန်အတွက် ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များသည် ယမန်နေ့ နံနက် ၈ နာရီတွင် ရွှေတိဂုံစေတီတော်ဆီသို့ လာရောက်ဖူးမြော် ကြည်ညိုကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော်သို့ ပြည်ပမှ ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များအား ရွှေတိဂုံစေတီတော်ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့များက ကြိုဆိုကြပြီး ရွှေတိဂုံစေတီတော်ကြီး၏ သမိုင်းအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက်ပြည်ပမှ ကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များသည် ရွှေတိဂုံစေတီတော်အား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)