မန္တလေး အောက်တိုဘာ ၁၄
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၁၀) နှစ်အောက် ကလေးများအား နို့အေးဘူးများ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်၈နာရီခွဲက ပရဟိတကျောင်း (၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ကျောင်း(၁) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နို့အေးဘူးများကို အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ရှိ ဧရိပ်မွန်ပရဟိတကျောင်း၊ အိုးဘိုရွှေကျင် ရပ်ကွက်ရှိ အိုးဘိုပရဟိတကျောင်း၊ အောင်မြေသာစံရပ်ကွက်ရှိ ရွှေပြည် ပုလဲမြင့် ပရဟိတကျောင်းနှင့် ဒေါနဘွားရပ်ကွက်ရှိ ဖောင်တော်ဦးဘုန်း တော်ကြီး သင်ကျောင်းတို့ရှိအသက်(၁၀)နှစ်အောက် ကလေးများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးပို့ လိုက်သော နို့အေးဘူးများကိုအောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက လက်ခံရယူပြီး အသက်(၁၀) နှစ်အောက်ကလေးများအား ပြန်လည်ဝေမျှ တိုက်ကျွေး ခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)