သန်လျင်မြို့နယ်မှအခြေခံပြည်သူများသို့ဆန်များထောက်ပံ့လှူဒါန်း

သန်လျင်   အောက်တိုဘာ ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိကိုဗစ်ကာလလက်လုပ်လက်စား အခြေခံပြည်သူများ စားဝတ်နေရေး အခက်အခဲများ  ဖြစ်ပေါ်လျက်ရှိရာ အလှူရှင်များ၊ အသင်း အဖွဲ့များက မိမိတို့တတ်နိုင်သည့် ဘက်ကမီးဖိုချောင်သုံးပစ္စည်းများကိုထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ယနေ့နံနက်တွင်သန်လျင်မြို့နယ်သောက်တော်တွင်း ရပ်ကွက်ရှိပုံမှန်ဝင်ငွေမရှိသောအခြေခံ ပြည်သူများအား အိုကေ ဖိန်လုပ်ငန်း မိသားစုကတစ်အိမ်ထောင်လျှင်ဆန် (၃)ပြည်နှုန်းဖြင့်အိမ်ထောင်စု (၃၀၀)အတွက်ထောက် ပံ့လှူဒါန်းပေးခဲ့သည်၊ အလားတူသန်လျင်မြို့ မြို့မတောင်ရပ်ကွက်ရှိ အခြေခံပြည်သူများအား ပင်လယ် ကိုးသွယ်ရောင်း  ဝယ်ရေး မိသားစုကတစ်အိမ် ထောင်လျှင်ဆန်(၄)ပြည်၊ ဆီ(၁)ဘူး နှင့်ဆားတစ်ထုပ်စီ ကိုဖြန့်ဝေ လှူဒါန်းပေးခဲ့သည်။

သန်လျင်မြို့နယ်တွင်ကိုဗစ်အတည်ပြုပိုးတွေ့လူနာ(၅၀၀)ကျော်နှင့် သေဆုံးသူ(၁၀)ဦးရှိနေပြီးအသွား အလာကန့်သတ ်စောင့်ကြည့်ရေး FQC  များအတွက်နေရာ အခက်အခဲများ ရှိသဖြင့်ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ညွှန်ကြားချက်များ တိတိကျကျလိုက်နာကြရန်မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကတဆင့် အသိပေးနှိုး ဆော်ထားကြောင်းသိရသည်။

သန်းဝင်း(သန်လျင်)