နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) ရပ်ရွာလူထုအားလုံး ပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများ တညဆောက်ခြင်းစီမံကိန်း မြို့နယ်နှင့် ကျေးရွာအဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်းအစည်းအဝေးကျင်းပ

နမ့်ဆန် ဇူလှိုင် ၂၉

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း(ကျန်းမာရေးဌာန) ရပ်ရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများ တည်ဆောက်ခြင်းစီမံကိန်းမှ ယနေ့နံနက်(၁၀)နာရီအချိန်က စီမံကိန်းရုံးတွင် မြို့နယ်နှင့် ကျေးရွာအဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စီမံကိန်းကွင်းဆင်းအရာရှိ ဒေါ်စုစုလှိုင်က စီမံကိန်းဝင် ကျေးရွာများတွင် လက်ရှိဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများ၏ အားသာချက်၊ အားနည်း ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စီမံကိန်းဝင်ကျေးရွာများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများက စီမံကိန်းဝင် ကျေးရွာများအား IEC Material များထောက်ပံ့ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)