ရန်ကုန် အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲ အနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ်ကားအတွက် တာယာ(၂)လုံးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရ သည်။
အင်းစိန်မြို့နယ်၊ကြက်ခြေနီအသင်းခွဲသည် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက်မပြတ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိသော လူနာတင်အရေးပေါ်ကားအတွက် တပ်ဆင် အသုံးပြုနိုင်ရန် WEST LAKE TYPES Companyမှ တာဝန်ရှိသူများက လှူဒါန်းရာ ကြက်ခြေနီ အသင်းခွဲ ဥက္ကဌ ဦးစည်သူဇော်၊ မြို့နယ်တပ်ဖွဲ့ မှူး ဦးနီထွန်းနှင့်တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။
ကြက်ခြေနီအသင်းခွဲ အနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့် အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အတွင်း ရှိ Quarantine Center(၅)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)