ရွှေပြည်သာမြို့နယ်၌ အထူးရဲသင်တန်းသား(၁၂၃)ဦးအနက် ကိုဗစ်-၁၉ ရောဂါပိုး (၇၂)ဦးတွေ့ရှိ

ရန်ကုန် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းအား အမှတ်(၆)ရပ်ကွက်၊သာသာနာ့ ဗိမာန်တော်ကြီးတွင် သင်တန်းတက်ရောက်နေသော အထူးရဲသင်တန်းသား (၁၂၃)ဦးအနက် ကိုဗစ်-၁၉ ရောဂါပိုး (၇၂)ဦး တွေ့ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး စိုးမိုးလွင်ထံမှ သိရသည်။

အထူးရဲသင်တန်းသား(၁၂၃)ဦးအနက်မှ အထူးရဲ(၂၀)ဦးကို အောက်တိုဘာလ(၇)ရက်နေ့တွင် Swab ယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး (၁၀)ဦးတွေ့ရှိပြီး အောက်တိုဘာလ(၈)ရက်နေ့တွင် ကျန်အထူးရဲများကို Swab ယူ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး (၆၂)ဦးတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ကိုဗစ်-၁၉ ရောဂါပိုး (၇၂)ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၁၀)ဦး အား တိုင်းကျန်းမာရေးဦးစီးဌာနမှ အောက်တိုဘာ (၁၀)ရက်နေ့တွင် Forture ကုသရေးစင်တာနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၆၂)ဦးအား အောက်တိုဘာ(၁၁) ရက်နေ့တွင် တောင်ဒဂုံ အောင်မြင့်မိုရ် ကိုဗစ်-၁၉ ကုသရေးစင်တာသို့ ပရဟိတ ယာဉ်(၂)စီးဖြင့် အသီး သီးပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)