နမ္မတူမြို့နယ်၌ နေရပ်ပြန်ပြည်သူ (၆၁) ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာများရယူကာ မန္တလေးဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေး

 

နမ္မတူ        အောက်တိုဘာ   ၁၃

နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ နမ္မတူမြို့နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူ (၆၁)ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab)များ ရယူကာ     ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ မန္တလေးဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခြင်းကို ယနေ့ နံနက် (၇)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာအရာရှိ ဒေါက်တာ စိုင်းသက်ထွန်းဝေနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်သူနာပြု အဆင့် (၁) ဒေါ်ရည်မွန်အေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မေတ္တာရှင်နာရေးလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အဖွဲ့ (၂)ဖွဲ့ခွဲကာ မဲရုံတာဝန်ထမ်းဆောင်မည့် အ.ထ.က (၁) ကျောင်းရှိ ဆရာ/ဆရာမ (၉)ဦး၊ အ.လ.က(၂) ကျောင်းရှိ ဆရာ/ဆရာမ (၂၀)ဦး၊ ဘော်တွင်းကျေးရွာရှိ နေရပ်ပြန်ပြည်သူ (၅)ဦး၊ နမ့်တောင်ကုန်းကျေးရွာရှိ နေရပ်ပြန်ပြည်သူ (၇)ဦး၊ မန်စံကျေးရွာရှိ နေရပ်ပြန်ပြည်သူ (၁)ဦး၊ ဟူးဆာကျေးရွာရှိ နေရပ်ပြန်ပြည်သူ (၂)ဦးနှင့် စောင့်ကြည့်စခန်း၌ထားရှိသည့် နမ္မတူမြို့နယ် သတ္တုတွင်းလုပ်ငန်းခွင်သင်တန်းကျောင်းရှိ နေရပ်ပြန်ပြည်သူ (၁၇)ဦး၊ စုစုပေါင်း နေရပ်ပြန်ပြည်သူ (၆၁)ဦးတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် (Swab)များ ရယူကာ ယနေ့ ညနေပိုင်းတွင် လားရှိုးမှတစ်ဆင့် မန္တလေးဓာတ်ခွဲဌာနသို့ ပေးပို့ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရှိရသည်။


လူမော် (ပြန်/ဆက်)