ကျောက်တံတားမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးစစ်ဆေး

ကျောက်တံတား ဇူလိုင် ၂၉

ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်းမှုဖြင့် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ များအား ကျောင်းကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ထိုသို့ ကျောင်းကျန်းမာရေး စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဒေါက်တာ စိုးလင်းထူးနှင့် အဖွဲ့များက မူလတန်းအဆင့်ကျောင်းသားကျောင်းသူအား အာဟာရပြည့်မီ ရေး၊ သွားကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးစသည် တို့ကိုစနစ်တကျ စစ်ဆေးခဲ့ကြသည်၊၊

ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းကျန်းမာရေးအဖွဲ့၊ မြို့နယ် ဆရာဝန်ကြီး အပါအဝင်ဆရာမ (၂၆)ဦးဖြင့် လာရောက်ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူ (၂၅၉)ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်