နမ္မတူ အောက်တိုဘာ ၁၃
ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)မှ နမ္မတူမြို့နယ်ရှိ (IDP)စခန်း (၂)ခု ၌ အခြေခံစားသောက်ကုန် (၃)မျိုးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးသုံးပစ္စည်း (၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၃)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်းနှင့် လီဆူး (IDP)စခန်းတို့၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)ကိုယ်စား နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နှင့် တာဝန်ရှိသူများ က ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၆၀)စု၊ လူဦးရေ (၂၇၄)ဦးတို့အတွက် ဆန် (၆)ပြည်အိတ် (၂၇၀)အိတ်၊ ဆီ (၅၀)ကျပ်သား (၂၇၀) ဘူး၊ ဆား (၂၅)ကျပ်သား (၂၇၀)ထုတ်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၃၀၈၀၀)ခု၊ Hand-Gel (50ml) (၂၃၁) ဘူး၊ Face Shield (၃၈၅)ခုနှင့် လက်ဆေးဆပ်ပြာခဲ (family care) တံဆိပ် (၃၈၅)ခဲအား လည်းကောင်း၊ လီဆူး (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၀)စု၊ လူဦးရေ (၁၂၆)ဦးတို့အတွက် ဆန် (၆)ပြည်အိတ် (၁၂၆)အိတ်၊ ဆီ (၅၀ကျပ်သား) (၁၂၆)ဗူး၊ ဆား (၂၅)ကျပ်သား (၁၂၆)ထုတ်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၁၄၀၀)ခု၊ Hand-Gel (50ml) (၁၁၁) ဘူး ၊ Face Shield (၁၇၅) ခုနှင့် လက်ဆေးဆပ်ပြာခဲ (family care) တံဆိပ် (၁၈၅)ခဲကို တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ထံမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)