တကောင်း အောက်တိုဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာအကြောင်း သိကောင်းစရာများနှင့် ကိုဗစ်- ၁၉ ရောဂါ(နေထိုင်မှုပုံစံသစ်) အကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ မွန်း လွဲ (၂)နာရီက ပြသ ဆောင်ရွက် ထားရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ အကြောင်း သိကောင်စရာတွင် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်းမှုရှိသော မိဘ/အုပ်ထိန်းသူ အတတ်ပညာနည်းလမ်းများ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆ ချက်များ၊ လူမှုမီဒီယာပေါ်၌ ဆွေးနွေးရာတွင်ဆောင်ရန်နှင့်ရှောင်ရန်များ၊ ကိုဗစ်- ၁၉ရောဂါ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူး စက်နိုင် ခြေရှိသည့်နည်းလမ်းများ၊ The New Normal (နေထိုင်မှုပုံစံသစ်) ကာကွယ်ရမည့် နည်းလမ်း အကြောင်းသိကောင်းစရာများ ပြသထားကြောင်းသိရသည်။
သီရိအောင်(တကောင်း)