ဘီးလင်းမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ဆက်လက်ကောက်ယူလျက်ရှိ

ဘီးလင်း  ဇူလိုင် ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  (Biometric Data) အချက်အလက် စာရင်းကောက်ယူခြင်းနှင့် (Unique ID)ထုတ်ပေးခြင်း လုပ်ငန်းများကို ဇွန် ၂၈ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါ (Biometric Data) အချက်အလက်စာရင်းကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘီးလင်းမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို ဇွန်(၂၈) ရက်နေ့မှ စတင် ကောက်ယူခဲ့ရာ ဇူလိုင်(၂၈)ရက်နေ့ထိ (၂၀၂၅)ဦး ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စာရင်းကောက်ယူရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာ အချက်အလက်များ စာရင်းကောက်ယူပြီး (Database)တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီးထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)