ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများ၏ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ဒဂုံမြောက်  ဇူလိုင် ၂

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဘိုးဘွားများအား ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက  ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် တစ်လ ၁၀၀၀၀/-ကျပ်နှုန်းဖြင့် ၂၀၂၃-၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် (ဧပြီ၊ မေ၊ ဇွန်) ပထမသုံးလပတ်အတွက် ကျပ် ၃၀၀၀၀/-ကို ရပ်ကွက်အတွင်းရှိ ဘိုးဘွား(၉၂၅)ဦးတို့အား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်အတွင်း(၃၀)ရပ်ကွက်၊ (၃၅)ရပ်ကွက်၊ (၄၀)ရပ်ကွက်၊ (၄၁)ရပ်ကွက်၊ (၄၆)ရပ်ကွက်၊ (၄၉)ရပ်ကွက်တို့မှ အသက်(၈၅)နှစ်အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ(ဧပြီ၊ မေ၊ ဇွန်) ပထမသုံးလပတ်အတွက် တစ်ဦးလျှင်   ၃၀၀၀၀/-ကျပ်စီ လိုက်လံ ထောက်ပံ့ခဲ့ကြောင်း  သိရသည်။

မြင့်မြင့်ရီ