လယ်ဝေး အောက်တိုဘာ ၁၃
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေး မြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရေးအဖွဲ့တွင် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသိန်းနှင့် အဖွဲ့၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ နေလင်းထက်၊ မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်၍ စက်ရုံ၊ အလုပ်ရုံ(၁၀)ခုအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)