ပုသိမ်ကြီး ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ ရန်ကင်းတောင်ကျေးရွာရှိ၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာပေအလင်းရောင် ကျောင်းစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးမျိုးဝေ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်း၊ စာပေဗိမာန်စာမူဆုရ စာရေးဆရာ မင်းလပြည့်(ဟားခါး)တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ စာပေအလင်းရောင် ကျောင်းစာကြည့်တိုက် အတွင်းသို့ တက်ရောက် လာသူများက လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းတွင် မြို့နယ်ပညာရေးမှူး ဦးမျိုးဝေက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းက စာကြည့်တိုက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ စာရေးဆရာ မင်းလပြည့်(ဟားခါး)က စာပေဖတ်ရှုလေ့လာမှုနှင့် စာပေအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာကြည့်တိုက်အတွက် လှူဒါန်းမှုများကို တာဝန်ရှိသူများက အသီးသီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီးနောက်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)