တိုက်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း

တိုက်ကြီး အောက်တိုဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အခြေခံ ပညာကျောင်းများ၌ ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ စောင့်ကြည့်ရေးစင်တာများနှင့် စေတနာ့ ဝန်ထမ်းများအတွက် ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အဖွဲ့တို့ ယမန်နေ့က သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ တိုင်းဒေသကြီးအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဒေါ်အိအိခိုင်နှင့် We Love Yangon(Taikkyi Township) အဖွဲ့တို့ ပါဝင်သော အဖွဲ့သည် ယမန်နေ့က ဥက္ကံမြို့ အ.ထ.က(ဥက္ကံ)ကျောင်း၊ ဥပ္ပုံကျေးရွာအုပ်စု ဥပ္ပုံကျေးရွာ အ.လ.က (ခွဲ)ကျောင်း၊ ဖိုးခေါင်ကျေးရွာအုပ်စု အ.ထ.က(ရွာသာ)ကျောင်းနှင့် သနပ်ချောင်းကျေးရွာအုပ်စု တို့တွင် ဖွင့်လှစ်ထားသော စောင့်ကြည့်ရေးစင်တာများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများ ဖြစ်သည့် ပါးစပ်/နှာခေါင်းစည်း(Mask) များ၊ လက်သန့်ဆေးရည်ဘူးများ၊ ရေသန့်၊ အအေးဘူးများ၊ ကြက်ဥနှင့် မုန့်များအား တာဝန်ခံများအား လှူဒါန်းခဲ့ပြီး ဥက္ကံမြို့ မေတ္တာရေစင် လူနာတင်ယာဉ်အသင်းတို့တွင်လည်း ကြက်ဥ အလုံး(၄၅၀)ကို လှူဒါန်းပေးခဲ့ပြီး စင်တာများတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း ခံယူနေသူများ အား အားပေးစကားများ ပြောကြားပေး ခြင်း၊ စေတနာ့ဝန်ထမ်းများအား ကျေးဇူးတင် စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)