ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာ၌ ဆိုင်ကယ်ပြုပြင်သင်တန်း ဖွင့်လှစ်

ကလော ဇူလိုင် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်နင်းစံပြကျေးရွာတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးလုပ်ငန်း မော်တော်ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွှဲ  ၂ နာရီက ဘော်နင်းစံပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကထောက်ပံ့ငွေများပေးရအပ်ခဲ့ရာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လက်ခံရယူခဲ့သည်။ အဆိုပါသင်တန်းတွင် ဘော်နင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေဒေသခံသင်တန်းသား(၁၅)ဦးတို့ကို သင်တန်းကာလ(၁)လကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 ကျော်ဝင်း(ပြန်/ဆက်)