ဟိုပန်မြို့၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဟိုပန် ဇူလိုင် ၂၈

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏ "စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၂)နာရီက ဟိုပန်လူထုအခြေပြုဗဟိုဌာနဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ဒေါ်ဟိဏ်းသီရိကျော်က "စွန့်စားမှုဆီသို့ ခြေတစ်လှမ်း" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။

ဆက်လက်၍ Book Club အသင်းဝင်များဖြစ်သည့် ဦးဘောမ်ယိမ်းက “ရှင်သန်တိုးပွား ချစ်ခြင်းတရား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အိသဉ္ဇာဖြိုးက "အချိန်အခါကို သိပါ" ခေါင်းစဉ်နှင့် ဦးစောရန်အောင်က "စိတ်ကျရောဂါဆိုတာ ဒီလိုပါ" ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာပါသူများ စုစုပေါင်း(၂၀)ဉီး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)