ကျွန်းလှမြို့နယ်တွင် မိုး‌အစေ့ထုတ်ပြောင်း ၁၄၉၉၅ ဧက စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်းကို အဓိက စိုက်ပျိုးကြပြီး ယနေ့အထိ ၉၅၄၅ ဧက စိုက်ပျိုးပြီး ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ အစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့ ၁၄၉၇၃ ဧကလျာထားပြီး လက်ရှိ အချိန်အထိ ၁၄၉၉၅ ဧက (၁၀၀ ဒသမ ၁၄) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ လျာထားချက် ထက် ဧက ၂၀ ကျော်တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာမှာ ကုန်ကျစရိတ် သက်သာပြီး တောင်သူတွက်ခြေ ကိုက်သီးနှံဖြစ်တဲ့အတွက် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုး လာကြပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

အဆိုပါ အစေ့ထုတ်ပြောင်းစိုက်ခင်းများ ပိုးမွှားပင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖောငမြောင်တောင် ပိုးကျရောက်မှု ကြိုတင်ကာကွယ်ရေး၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြစ်သည့် သဘာဝပိုးပြေးဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးအပြင် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံ၊ စားဖို ဆောင်သီးနှံ၊ နှစ်ရှည်ပင်နှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိနေကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ