မိတ္ထီလာ ဇူလိုင် ၂၈
မိတ္ထီလာမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပိတောက်မြိုင်ဈေးတွင် ဈေးရောင်းဈေးဝယ်များ ပလတ်စတစ် သုံးစွဲမှု လျှော့ချရေးနှင့် သုံးစွဲမှု ကင်းစင်ပပျောက်ရေး အသိပညာပေး Campaign ကို ယနေ့နံနက် ၉ နာရီအချိန် က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပိတောက်မြိုင်ဈေးနှင့် ဈေးပတ်လမ်းအနီးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် သုံးစွဲမှု ကင်းစင်ပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပလပ်စတစ်အစားထိုး စားသောက်ကုန်ထုတ်ပိုးနိုင်သည့် အင်ဖက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဖြန့်ဝေပေးပြီး ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးနှင့် သုံးစွဲမှု ကင်းစင်ပပျောက်ရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ