ညောင်ဦး ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းအခမ်း အနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်မှ အဖွင့် အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း၊ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။ ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်)လများအတွက် ညောင်ဦးမြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက်အဘိုးအဘွား (၁၂၆၁) ဦးအတွက် (၃၇၈၃၀၀၀၀)ကျပ်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်အဘိုးအဘွား(၁၆၈၃)ဦးအတွက် (၅၀၄၉၀၀၀၀) ကျပ်၊ စုစုပေါင်း(၈၈၃၂၀ ၀၀၀)ကျပ်အား ညောင်ဦးခရိုင်လူမှုဝန်ထမ်းရုံး ဒေါ်မြင့်မြင့်သန်း (ဒုတိယညွှန်ကြားရေးမှူး)နှင့် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦနန်းတင့်တို့မှ လူမှုရေး ပင်စင်ထောက်ပံပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကလက်ခံရယူပြီး ထပ်ဆင့်၍ အဘိုးအဘွားများ လက်ဝယ်အရောက် ပေးအပ်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း