ရန်ကုန် ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ကျောင်းသူများ စာပေမှ ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို ပိုမိုရင်းနှီးကျွမ်းဝင်မှု ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)နှင့် စာပေဥယျာဉ်အသင်း(Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားထားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပသည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)နာယက ရန်နောင် (ပညာရေး)၊ ဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏိ− တောင်တွင်းကြီး)နှင့် အင်းစိန်မြို့နယ်၊ စာရေး ဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ တော်မြင့်(ငှက်ဖျား)တို့က အမှာစကား အသီးသီးပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားထားသည့် လူငယ်နှင့် အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို စာရေးဆရာများဖြစ်ကြသည့် မောင်မောင်ဝင်းမြင့်(မှုခင်း)၊ မောင်ငယ်ဆင့်၊ မောင်ပန်းဝေ(ညောင်တုန်း)နှင့် ရွှေဘုတ်(အင်းစိန်)တို့က ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများအပေါ် ဝင်းနွယ်(ပုသိမ်)၊ ရန်မိုးအောင်(အင်းစိန်)၊ အရာခံ ဗိုလ်တင့်လွင်၊ သက်လှိုင်မျိုး(စက်မှုတက္ကသိုလ်)၊စိန်ညိုမင်း(ထန်းတပင်)တို့က အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြရာ အင်းစိန်မြို့နယ်၊စာပေဥယျာဉ်အသင်း (Book Club) နာယက ဦးသက်တင်က နိဂုံးချုပ်စကား ပြောကြားသည်။
အဆိုပါစာဖတ်ဝိုင်းသို့ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ်အသင်း(Book Club)မှ တာဝန် ရှိသူများ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စာဖတ်ဝိုင်းကို လစဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို