မန္တလေး ဇူလိုင် ၂၈
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန် အခြေခံပညာ မူလတန်းလွန်ကျောင်း အမှတ်(၂၀)တို့ ပူးပေါင်း၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပန်းချီအနုပညာအခြေခံ ရရှိစေရန်၊ အရောင်ကာလာများကို ခွဲခြားသုံးတတ်စေရန်၊ အနုပညာချစ်စိတ် ဖြစ်ပေါ်လာစေရန်၊ ဉာဏ်ရည် ထက်လက်သွက်မြက်စေရန်၊ စာကြည့်တိုက်တွင် စာအုပ်စာပေများကို ဖတ်ရှု့လေ့လာရုံသာမက မိမိတို့နှစ်သက်သည့် ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်းအစရှိသည့် ဝါသနာပါရာများကို ပြုစုပျိုးထောင်ခွင့် ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)