မိုင်းယန်း ဇူလိုင် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ရွှေရင်အေးစပါးမျိုးစေ့ထုတ် (Rs-Cs) (၅)ဧက စံပြစိုက်ကွက် လက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု လောက်ကျန်ကျေးရွာနေ ဦးပိုင်တောင်သူ ဦးအိုက်ရှန်၏ လယ်မြေစံ ပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက မိုင်းယန်းခရိုင်/ မိုင်းယန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင်နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြစ်သော စပါးတစ်ဧကပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးဆောင်ရွက်ရာတွင် အဓိကအထောက်အကူဖြစ်စေမည့် မျိုးကောင်း မျိုးသန့်များထုတ်လုပ်အသုံးပြုနိုင်ရန် မျိုးစေ့ထုတ်စိုက်ဧကများ မျိုးစေ့ထုတ်နည်းပညာများနှင့် အညီစိုက်ပျိုးလျက်ရှိရာ ဆင်းဧကရီ-လမ်းညွှန်မှုဖြစ်သော စပါးတစ်ဧကပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးအတွက် မျိုးစေ့ထုတ်စိုက်ဧကများစိုက်ပျိုးလျက်ရှိရာ ဆင်းဧကရီ-၃(၁၀) ဧက၊ မှော်ဘီကောက်ညှင်းမွှေး (၅)ဧက၊ DU-(12)ဧက၊ DU-(၅)ဧက စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။
အဆိုပါ ရွှေရင်အေးစပါးမျိုးစေ့ထုတ် (Rs-Cs) (၅)ဧက စံပြစိုက်ကွက် လက်တွေ့သရုပ်ပြ စိုက်ပျိုးနေမှုအား မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် တောင်သူများမှ ကြည်ရှု့အားပေးခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းများအောင်မြင်အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး