မိုင်းယောင်း ဇူလိုင် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား Biometric Enrollment Application Form စာရင်းသွင်းခြင်းကို ယမန်နေ့က အ.ထ.က(မိုင်းယောင်း)ကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးထွန်းထွန်းနှင့် ဝန်ထမ်းများက ဆောင်ရွက် ပေးကြောင်း သိရသည်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများအား Biometric Enrollment Application Form စာရင်းသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးအေးကိုကိုစု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း