ကြည့်မြင်တိုင်မြို့နယ်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအ​ဝေးကျင်းပ

ကြည့်မြင်တိုင် ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ် မြို့နယ် သမဝါယမအသင်းစုလီမိတက်၏အရပ်ရပ်ဆိုင်ရာ အစည်းအ​ဝေးကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က သာဓုပရိယတ္တိစာသင်တိုက်​၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစည်းအ​ဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းမင်းယုက သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်​ရေးအတွက် လုပ်ငန်း​ဆောင်ရွက်​နေမှုများအား ရှင်းလင်း ဆွေး​နွေးခဲ့သည်။ ထို့​နောက် အစည်းအ​ဝေးတက်​ရောက်လာကြသည့် အစုပြည့်အသင်းဝင်များက သိရှိလိုသည်များကို မေးမြန်း​ဆွေး​နွေးခဲ့ကြသည်။ အဆိုပါအစည်းအ​ဝေးသို့ အစုပြည့်အသင်းဝင် ၂၅ ဦးတက်​ရောက်ခဲ့​ကြောင်း သိရသည်။

ခိုင်ဇာလင်း