မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်း

မိုင်းစံ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲက မိုင်းစံမြို့ အ.ထ.က ကျောင်းသို့ ငှားရမ်းပေးလျက်ရှိသည်။

ယင်းသို့ စာအုပ်/စာစောင်များ လှည့်လည်ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်‌စေရန်၊ စာဖတ်သူတိုးပွားလာ‌စေရန်နှင့် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ပြည်သူများသို့ သုတ/ရသ မဂ္ဂဇင်းနှင့် ဝတ္ထုများကို စာဖတ်ပရိသတ်များလက်ဝယ်အရောက် လှည့်လည်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)