လားရှိုး ဇူလိုင် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် နမ္မတူဒေသထွက် တညင်းသီးများ လားရှိုးမြို့တွင် ဈေးကောင်းလျက်ရှိနေကြောင်း သိရသည်။
နမ္မတူဒေသထွက် တညင်းသီးများကို အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချရသည်အထိ အရသာရှိ စားကောင်းပြီး ထမင်းဆိုင်များ၊ အကင်ဆိုင်များမှ အဓိကထား ဝယ်ယူကြကြောင်း သိရသည်။
“နမ္မတူဒေသကထွက်တဲ့ တညင်းသီးကတော့ နာမည်ကြီးတာပေါ့။ သူက စားရတာ စေးတယ်။ ဖွယ်မနေဘူး။ သူကသတ္တုထွက်တဲ့ ဒေသမှာ သီးတဲ့ အသီးမို့လားမသိဘူး။ အရသာက တခြားဒေသကထွက်တဲ့ အသီးတွေနဲ့ အရသာမတူဘူး။ တခြားနယ်တွေကဆိုရင်လည်း နမ္မတူတညင်းသီးကို စားချင်လို့ တကူးတက မှာလာကြတာတွေရှိတယ်” ဟု တညင်းသီးရောင်းချသူတစ်ဦးက ဆိုသည်။
နမ္မတူဒေသထွက် တညင်းသီးတစ်လုံးလျှင် နမ္မတူတွင် တစ်လုံး ၃၅ ကျပ်ဈေးရှိပြီး လားရှိုးတွင် တစ်လုံး ၇၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)