မောင်တော ဇူလိုင် ၂၈
ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ အဖွဲ့များခွဲကာ သတ်မှတ်ထားသော ဘုန်းတော်ကြီးကျောင်းများအလိုက် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထို့သို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ အဖွဲ့များခွဲကာ သတ်မှတ်ထားသော မောင်တော မြို့နယ်အတွင်းရှိ မြို့မဘုန်းတော်ကြီးကျောင်း၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ ဗဟိုလ်ကျောင်း ၊ ဇောတိကာရုံကျောင်းတိုက် ၊ ၄ မိုင် ပရဟိကျောင်း ၊ အောင်မြေဗောဓိကျောင်း ၊ ဘင်္ဂလားဒေ့ရှ်ကျောင်းတိုက် ၊ ၃ မိုင်ဘုန်းတော်ကြီးကျောင်း ၊ ဝေသာလီဘုန်းတော်ကြီး စသည့် တို့၌ ဘုန်းတော်ကြီး ကျောင်းအတွင်း၊ အပြင်ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ်များ အား သန့်ရှင်းသာယာလှပ စေရေးအတွက် ခုတ်ထွင်ရှင်းလင်းပြီး၊ ဘုရားစေတီအနီးအနားရှိ အမှိုက်သရိုက်များကို ကောက်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အောင်ကျော်စိန်၊သက်လွင်စိုး(ပြန်/ဆက်)