ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွားများတွင် ဖြစ်တတ်သည့် ခွာနာ၊ လျှာနာရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော

နေပြည်တော် ဇူလိုင် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများတွင် ဖြစ်တက်သည့် ခွာနာ၊ လျှာနာရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာသင်းလဲ့စိုးမှ အသိပညာပေးဟောပြောရာတွင် ကျွဲ၊ နွားများတွင် ဖြစ်တက်သည့် ခွာနာ၊ လျှာနာရောဂါအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးကြရန်နှင့် ခွာနာ၊ လျှာနာရောဂါ ကျရောက်ဖြစ်ပွားလာပါက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ အချိန်မီသတင်းပေးပို့ရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ‌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အကြံပြုချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် ‌ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက  ခွာနာ၊ လျှာနာရောဂါနှင့်ပတ်သက်၍ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)