ပင်လုံတက္ကသိုလ်၌ ကာယအလှမယ် ပြိုင်ပွဲကျင်းပ

ပင်လုံ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ကာယအလှမယ် ပြိုင်ပွဲကို ယမန်နေ့ နံနက် (၉)နာရီ က ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီလာမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မင်္ဂလာပါသီချင်းဖြင့်လည်းကောင်း၊ ခေတ်ငါးခေတ်ယဉ်ကျေးမှုအမွေ ပုဂံမြေ သီချင်းဖြင့် လည်းကောင်းကပြဖျော်ဖြေခဲ့ပါသည်။

ဆက်လက်၍ ဒိုင်ချုပ်မှ ပြိုင်ပွဲ၏ စည်းကမ်းချက်များပြောကြားပြီး ပြိုင်ပွဲကိုစတင်ကျင်းပကာ ကာယအလှမယ်(၂၃)ဦးတို့မှ စည်းကမ်းချက်များနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါ သည်။ 

အဆိုပါ ပြိုင်ပွဲတွင် Healthy Green World Myanmar Company မှ Marketing Manager က Skin ပိုင်းဆိုင်ရာ အကြောင်းအရာများကို ဟောပြောပေးပြီးနောက် ရွေးချယ်ခံရသည့်စကာတင် (၁၀) ဦးမှ ဆက်လက်ယှဉ်ပြိုင်ကာ ဖျော်ဖြေပွဲအစီအစဉ်များကိုကျင်းပပါသည်။

ထို့နောက် ကာယအလှမယ် ဆပ်ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြား၍ အကဲဖြတ် ဒိုင်အဖြစ်ဆောင်ရွက်ပေးသည့် ဒိုင်များနှင့်နည်းပြများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများရရှိသည့် ကာယအလှမယ်များကို ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)