မင်းပြားမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဘုန်းတော်ကြီးကျောင်း၌ ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့ဖြင့် သန့်ရှင်းရေး ဆောင်ရွက်

မင်းပြား ဇူလိုင် ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်ရှိ ရတနာ့ဗိမာန် စာသင်တိုက်ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ သန့်ရှင်းရေးဆောင်ရွက်ရာသို့ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်ရှိ ရတနာ့ဗိမာန်စာသင်တိုက်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကျောင်းပတ်ဝန်းကျင်ရှိ မြက်နှင့်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း အမှိုက်ကောက်ယူခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသော နေရာများတွင် စနစ် တကျ စွန့်ပစ်ဆာင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်