မိတ္ထီလာ ဇူလိုင်၂၈
မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သုတသနပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါ သုတေသနပြပွဲနှင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဘဟန် ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်နှင့် ဒုတိယပါမောက္ခချုပ်ဒေါက်တာ ခင်နှင်းအိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ၎င်းနောက် ပါမောက္ခ ဒေါက်တာဘဟန်နှင့် တာဝန်ရှိသူများက မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ဘာသာရပ်ပေါင်းစုံမှ ခင်းကျင်းပြသထားသော သုတေသနပြခန်းများကို လှည့်လည်ကြည့်ရှု့အားပေးသည်။ အဆိုပါ သုတေသနပြပွဲနှင့် ပြိုင်ပွဲတွင် ဓာတုဗေဒ၊ ရုက္ခဗေဒ၊ အင်္ဂလိပ်စာ၊ဘူမိဗေဒ၊ ဒဿနိကဗေဒ၊ မြန်မာစာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီဝင်၊ ရူပဗေဒ ၊ ဥပဒေ၊ အရှေ့တိုင်းပညာ၊ ပထဝီဝင် ၊ စီးပွားရေးပညာ ဘာသာရပ်ပေါင်းစုံမှ ဆရာ/ဆရာမများနှင့် ကျောင်းသူကျောင်းသားများ ပူးပေါင်းဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သုတေသနဆိုင်ရာများကို ခင်းကျင်းပြသခဲ့ပြီး အကဲဖြတ်ဒိုင်အဖွဲ့ တာဝန်ရှိသူများက အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။ ထို့နောက် အဆိုပါ သုတေသနပြပွဲနှင့် ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော သုတေသနပြခန်းများကို ပါမောက္ခချုပ် ဒေါက်တာဘဟန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ