ပုသိမ်ကြီးမြို့နယ် နန္ဒာတောင်ကျေးရွာတွင် Transplanter Mounted Seeder (10-Rows) ဖြင့် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ပုသိမ်ကြီး ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာကျေးရွာအုပ်စု၊ နန္ဒာတောင်ကျေးရွာတွင် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၈၀) စက်မှုလယ်ယာစခန်းမှ ကွင်းအမှတ်(၄၅၀)၊ တောင်သူ ဦးသန်းမောင်၏ လယ်မြေ နှစ်ဧကတွင် ယမန်နေ့နံနက် ၉ နာရီက Transplanter Mounted Seeder (10-Rows)ဖြင့် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပခဲ့သည်။

အမှတ်(၈၀) စက်မှုလယ်ယာစခန်းမှ Transplanter Mounted Seeder (10-Rows) အား အသုံးပြုခြင်းကြောင့် တောင်သူများအနေဖြင့် လုပ်သားရှားပါးသည့်အတွက် အသုံးပြုရန်၊ အဆင်ပြေခြင်း၊ စိုက်နည်းစနစ် မှန်ကန်ပြီး မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ လုပ်ငန်းပြီးဆီးမှု မြန်ဆန်ပြီး ကုန်ကျစရိတ် သက်သာမှုကြောင့် တောင်သူများလည်း စိတ်ဝင်စားပြီး ကြိုက်နှစ်သက်ကြကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ထင်က ပြောသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ထင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများ၊ နန္ဒာတောင်ကျေးရွာနှင့် အနီးဝန်းကျင်မှ တောင်သူ (၃၀)ဦးတို့ တက်ရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)