သပိတ်ကျင်း ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ကဘဲ့ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်၌ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သပိတ်ကျင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးချမ်းအောင်တို့က ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပြီး သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျွန်းပင် (၂၀ဝ)၊ ပိတောက်ပင်(၁၅၀)၊ ခရေပင်(၅၀)၊ စိန်ပန်းပင်(၅၀)၊ ငုရွှေဝါ ပင်(၅၀)၊စုစုပေါင်းအပင်( ၅၀၀) စိုက်ပျိုးခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ စုစုပေါင်း(၁၅၀)ဦးခန့်တို့ ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ကြပြီး မြို့နယ်သစ်တောဦးစီးဌာနမှ သပိတ်ကျင်းမြို့နယ်အတွင်း ပျိုးပင်ပေါင်း( ၄)သောင်း ဖြန့်ဝေစိုက်ပျိုးပြီးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)