စဉ့်ကိုင်မြို့နယ်၌နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သမဝါယမကဏ္ဍမှမိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် စီမံကိန်းရန်ပုံငွေပေးအပ်

စဉ့်ကိုင် ဇူလိုင်  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်(၂၆)ရက်မွန်းလွဲ(၂)နာရီအချိန်က  ကံကြီးကျေးရွာဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယညွှန်ကြားရေးမှူးဦးသောင်းဌေးကအမှာစကားပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်ခင်မြတ်ကြူက ချေးငွေကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌဦးစိန်သောင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ဆောင်ရွက်ပေးရသည့်  ရည်ရွယ်ချက်များကို  ရှင်းလင်းပြော ကြားခဲ့သည်။

စဉ့်ကိုင်မြို့နယ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ သမဝါယမ ကဏ္ဍအနေဖြင့် ကံကြီးကျေးရွာ၊ ရွှေကာကျေးရွာ၊   ဉယျာဉ်ကြီးကျေးရွာမှ   သမဝါယမအသင်း (၃)သင်းမှ အသင်းသားတောင်သူ(၁၁၇)ဦး၏ စပါးစိုက်ဧက(၅၀၀)အတွက် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့် ညီမျှသောသွင်းအားစုများဖြစ်သည့် မျိုးစပါး၊ စမ်းဝတီ သဘာဝမြေသြဇာ၊  ပုလဲဓာတ် မြေသြဇာ၊  ကိုမိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများအားပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းဝင်းသန်း