တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တန့်ယန်း ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရန်အတွက် ရည်ရွယ်၍  ၂၀၂၃ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပသည်။

အခမ်းအနားတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့ ဦးဆောင်၍ ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစား သမားများက ကွင်းအတွင်းဝင်ရောက် နေရာယူကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကွင်းဖွင့် အမှာစကားပြောကြားကာ ၂၀၂၃ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

အဆိုပါ ကွင်းဖွင့်ပွဲ အခမ်းအနားသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးတင့်နိုင်ထွန်းနှင့် တပ်နယ်အသီးသီးမှ အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက် ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)