အလုံ ဇူလိုင် ၂၇
မိဘများအနေဖြင့် ကျန်းမာရေးအသိပညာဖြင့် ပြည့်စုံပြီး မိမိတို့၏ ရင်သွေးများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ရန်အတွက် ရည်ရွယ်ကာ ယနေ့ နံနက် ၁၀ နာရီက အလုံမြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများသည် အလုံမူကြိုကျောင်းသို့ ကွင်းဆင်း၍ ကျန်းမာရေးအသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသားမိဘများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာ သဇင်ခိုင်မှ သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါအကြောင်း ပညာပေးဟောပြောခြင်း၊ ဉီးစီးအရာရှိ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဉီးမှ အမီလိုက်ကာကွယ် ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောခြင်းများနှင့် ကာကွယ်ဆေးတစ်ကြိမ်မှ မရရှိသေးသော ၃ နှစ်မှ ၅ နှစ်အရွယ်ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်မရရှိ သေးသော ၃ နှစ်မှ ၅ နှစ်အရွယ်ကလေး(၁၁)ဦးအား အမီလိုက်ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ ဆက်)