တပ်ကုန်းမြို့၌ ဗမာဝက်ပေါက်ဈေးကောင်းရသဖြင့်  ဝက်မွေးမြူသူများ အပိုဝင်ငွေရရှိ

တပ်ကုန်း ဇူလိုင် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျေးလက်နေများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရေး ဗမာဝက်သားပေါက်မမွေးမြူသူများ ဝက်ပေါက်ဈေး ကောင်းမွန်သဖြင့်   မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကြောင်း ဝက်မွေးမြူသူထံမှ သိရသည်။

ကျေးလက်နေအချို့  မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရေး တောင်သူလုပ်ငန်းများ လုပ်ကိုင်တဲ့အပြင် ဗမာဝက်သားပေါက်မများ မွေးမြူထားကြောင်း၊ ဒေသ(ခေါ်)ကျင်းတက် ၄၅ ရက်သားအရွယ်လျှင် သားပေါက်ဝက်မကြီးနှင့် နို့ခွဲကာ  အစားကျွေးကျင့်၍ ရောင်းချရကြောင်း၊ ဝက်ပွဲစားဈေးနှုန်း ဝက်ပေါက်အထီး၊ အမရောရာဈေးနှုန်း တစ်ကောင်လျှင် ၁သိန်းကျော်ရောင်းချ ရကြောင်း၊ ဝက်စာကိုလည်း တစ်သီးတစ်သန့် ရှာဖွေကျွေးစရာမလိုဘဲ  စားကြွင်းစားကျန်ထမင်း များနှင့်ဆန်ကွဲ၊ ဆန်တို့လောက်သာကျွေးမွေးရကြောင်း၊ တောင်သူလုပ်ငန်းနှင့်တွဲဖက်ကာ ဗမာ ဝက်သားပေါက်မမွေးမြူ၍ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ အထောက်အကူပြုသဖြင့် အိမ်ထောင်စုတိုင်း ဝက်သားပေါက်မမွေးမြူသင့်ကြောင်း  ညောင်ငါးပင် ကျေးရွာမှ ဗမာဝက်သားပေါက်မမွေးမြူသည့် မိသားစုဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

တင်စိုးလွင်