ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၇
စာပေဖတ်ရှု့လိုစိတ်မြင့်မားလာစေရန်၊ စာအုပ်စာပေဖတ်ရှု့ပြီး အသင်းအဖွဲ့များဖြင့် ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့ မွန်းလွဲ(၁၄း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာမ ခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ’’ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ထွေးထွေး (ယွန်းစလင်းမြေ)က ‘’လမ်းလျှောက်ထွက်ကြမယ်’’ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဖိုးရာဇာ(မအူပင်)က ‘’စွန့်စားမှုဆီသို့ခြေတစ်လှမ်း’’ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဆရာချစ်မုန်းငြိမ်းက “အချိန်အခါကိုသိပါ’’ ခေါင်းစဥ်တို့ကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရုံးအနေဖြင့် အသိပညာပေးလုပ်ငန်းများဖြစ်သည့် Talk Showများ၊စာဖတ်ဝိုင်းများကို (Book Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဥ္ဇူ (ပြန်/ ဆက်)