ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ လာရောက် ကြည့်ရှုအားပေး

လားရှိုး ဇူလိုင် ၂၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre–Lashio) သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်သည် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်လူမှုရေးရာဝန်ကြီးသည် လူထုအခြေပြုဗဟိုဌာနရှိ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ လေဟာပြင်အားကစားကွင်း၊ သင်တန်းခန်းမ၊ အားကစားခန်းမ၊ အစည်းအဝေးခန်းမ၊ ကွန်ပျူတာသင်တန်းခန်းမ၊ ပြည်သူ့စာကြည့်တိုက်ခ­­­န်းမများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးနှင့် လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်တို့က လူထုအခြေပြုဗဟိုဌာနတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်လင်းတင်ပြခဲ့ရာ ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးသည် ကလေးစာဖတ်ခန်းအတွင်း ဆေးရောင်ခြယ်နေကြသော ကျောင်းသား၊ ကျောင်းသူလေးများအား အဟာရမုန့်နှင့် ပဲနို့ဖျော်ရည်ဗူးများအား ကျွေးမွေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်