RC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ပွဲကျင်းပ

ကျိုက်မရော ဇူလိုင် ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင်  အလှူရှင် ဆရာတော် ဦးနန္ဒိယ (ခေတ္တ သြစတေးလျ ဆစ်ဒနီမြို့)နှင့် စေတနာရှင်များ  စုပေါင်းလှူဒါန်းသည့် “(၃၀×၂၇) Rcနှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့်  ပညာရေးဝန်ကြီးဌာနသို့  လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက  အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းဆောင်သစ်၌  ပြုလုပ်သည်။

 ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အမှာစကားပြောကြားပြီး  ကျောင်းဆောင်သစ် အလှူရှင် ဆရာတော် ဦးနန္ဒိယမှ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရသည့် ရည်ရွယ်ချက်  အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၃၀×၂၇)ပေRC နှစ်ထပ်ကျောင်းဆောင်သစ်အား  ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမူး ဒေါ်စုစုဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အလှူရှင်များအားဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 မြို့နယ်(ပြန်/ ဆက်)