မိုင်းယန်း၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ရုပ်ပုံများအား ဒေသခံပြည်များ ကြည့်ရှုနိုင်ရန် မြေစိုက်နံရံကပ် ပြဘုတ်တွင်ပြသ

မိုင်းယန်း အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ နိုင်ငံတော်အစိုးရအဖွဲ့၏ တိုင်းကျိုးပြည်ပြု လှုပ်ရှားမှုများနှင့် ကိုဗစ်-၁၉ ရောဂါ အသိ ပညာ‌ပေး ရုပ်ပုံများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင် ပြသဆောင် ရွက်ထား‌ကြောင်းသိရသည်။

အဆိုပါ မြေစိုက်ပြဘုတ်တွင် နိုင်ငံတော်အစိုးရအဖွဲ့၏ တိုင်းကျိုးပြည် ပြုလှုပ်ရှားမှုမှတ်တမ်းများ၊ မီဒီယာနှင့် သတင်းအချက်အလက်သိ ရှိနားလည်မှု ရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှု မီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် အကြောင်းအရာများ၊ UNESCOမှ ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံမျာအား ပြသထား‌ကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲအတွက် ပြည်သူများ မကြာခဏမေးလေ့ရှိသော မဲဆန္ဒရှင်စာရင်း ဆိုင်ရာမေးခွန်းနှင့် အဖြေများ မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာမည့် အချိန်များ၊ မဲဆန္ဒရှင်စာရင်း ဒုတိအကြိမ်နှင့်‌ နောက်ဆုံး အကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားစဉ် ၁၄ ရက်အတွင်း သတ်မှတ်ပုံစံများဖြင့် အချိန်မီပြင်ဆင်ခြင်း ဖြည့်စွက် ပယ်ဖျက်ပေး ရန်လျှောက်ထားနိုင်ကြောင်း သိကောင်းစရာများ၊ မိမိတို့၏ မဲစာရင်းများကို အွန်လိုင်းကတဆင့် ကြည့်ရှု နိုင်သည့် အချက်များကို ဖော်ပြထားကြောင်း သိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)