မော်လမြိုင် ဇူလိုင် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) ကျောင်းဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင်
အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဖြိုးဝေလင်းက လူငယ်စကားဝိုင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးညွန့်နိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြတ်သီတာက Moderator အဖြစ်ဆောင်ရွက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မှ မြန်မာစာ(ကထိက)ဒေါ်ခင်အိအိဖြိုးက ဖြည့်စွက်ဆွေးနွေးပြီး ဒုတိယနှစ်ကျောင်းသူမခိုင်ဆုလွင်က လူငယ်နှင့်ချစ်ခြင်းမေတ္တာ၊ ဒုတိယနှစ်ကျောင်းသားမောင်ကြယ်စင်က လူငယ်နှင့်ကျန်းမာရေး၊ ဒုတိယနှစ်ကျောင်းသားမောင်အောင်ကျော်ထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါး၊ ဒုတိယနှစ်ကျောင်းသားမောင်ဉာဏ်ထွန်းက လူငယ်နှင့်စာပေ၊ ဒုတိယနှစ်ကျောင်းသား မောင်အောင်မင်းထွန်းက လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာပေများကို တက်ရောက်လာသော ကျောင်းသား/သူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)